ဟောဒီ ကမ္ဘာလောကကြီးမှာ လူတိုင်း ပတ်သတ်ဘူးတဲ ့ကိစ္စလေးတစ်ခုရှိသတဲ့။ ထိုအရာကို အချစ်ဟုခေါ်လေသတဲ့။ အိုး အသင်စာရှူသူ သင်ရော ချစ်ဘူးပါသလား။ မောင်ချစ် နှမ ချစ်မဟုတ်ပဲ ၁၅၀၀ ဆိုသော မေတ္တာဖြစ်ချစ်ဖူးပါသလား။ ချစ်ဖူးသည်ဟုဆိုငြားအံ အချစ်ဆိုသည်မှာ............ ရယူခြင်းဖြစ်သည် ............ ပိုင်ဆိုင်ခြင်းဖြစ်သည် ............ပေးဆပ်ခြင်းဖြစ်သည် .............စွန် ့လွတ်ခြင်းဖြစ်သည် ............. အတ္တဖြစ်သည် .............ဘာဖြစ်သည် .............ညာဖြစ်သည် ဟု သင် ကြားဖူးပါလိမ့်...
ပြောစရာ အကြောင်းများရှိသော်လည်း စက္ကူပေါ် တွင် မှင်ဖြင့်ရေးခြင်းကို ငါ အလိုမရှိ..................... (သမ္မာကျမ်းစာ) ၁) အဲ့ဒီနေ့ က မြူတွေဝေတယ် မိသံစဉ် ငါတို့  အတူရှိစဉ်က လိုပေါ့..................... ၂) ကြားနိုင်မယ်ထင်လို့  ဝေဒနာကို သီချင်းလုပ် ဆိုပြခဲ့ မိတာပါ ဒါပေမယ့် နတ်ဆိုးတစ်ကောင်ရဲ့ ဂီတသံဟာ ခင်ဗျားအတွက်တော့ တစ္ဆေခြောက်သံ ဆန်နေမယ်ဆိုတာ ကျွန်တော် သတိမထားခဲ့ မိဘူး မိသံစဉ်....... မှော်ဆရာတစ်ယောက် သူရဲ့ ကြိမ်လုံးလေးကို မြတ်နိုးသလို ကမ္ဘာဦးလူတွေ မီးကို ကိုးကွယ်သလို (ကျွန်တော်) ခင်ဗျားအပေါ် ရူးသွပ်မိုက်မဲ ခဲ့ပါတယ် မိသံစဉ်ရယ်............ ၃) ကျွန်တော် သူရဲကောင်းလည်း မဖြစ်ချင်ဘူး မိသံစဉ် (တရုတ်ကားတွေထဲ က လို) တစ်ထည်တည်းသော အင်္ကျီ ကို ၀တ် ဒါး အလေးကြီး လွယ်ပြီး လျှောက်မသွားချင်ဘူး နောက်ပြီး .................. လက်နက်ပုန်းတွေနဲ့  ပစ်မှာကိုလည်း (ကျွန်တော်) ကြောက်တယ် မိသံစဉ်...